Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာကေတမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jun 08,2024
၂၀၂၄-ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်
Jun 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ဇွန်လ (၃)ရက်နေ့မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူ ဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ် (၃၆) တိုးချဲ့ရပ်ကွက်၊ ဓမ္မာရုံတွင် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အ.ထ.က အောက်လိပ်ကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 08,2024
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၊ ခရိုင်အဆင့်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ တိလောကာရုံစာသင်တိုက်၊ ဘုန်းကြီးကျောင်းဝန်းအတွင်းကျင်းပရာ အဆိုပါအခမ်းအနားသို့ တိလောကာရုံစာသင်တိုက်နာယကဆရာတော်၊ အမှတ်(၂၀) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးမှူး၊ နယ်မြေရဲစခန်းမှူး၊ ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်၊ ပြည်နယ်လက်ရွေးစင် ရေကူး အားကစားအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ ယာယီနေရပ်…
Jun 08,2024
ကချင်ပြည်နယ်အစိုးရဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သည့် ပန်းမြို့တော်ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်တွင် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲစတင်ကျင်းပ
Jun 08,2024
(၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် စတင်ကျင်းပပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်ကြားတောရရပ်ကွက် ကြားတောရလမ်းရှိ သာသနာလင်္ကာ ရမဟာဓမ္မဗိမာန်တော်ကြီး (ကျောင်းတော်ရာရွှေကျင်တိုက်)တွင် ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စုစုပေါင်း စာဖြေသံဃာ တော်( ၁၈၄ )ပါးနှင့် သီလရှင်(၈၇)ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထားဆောင်ရွက်
Jun 08,2024
ကမ္ဘာ့နိုင်ငံများတွင် (၁၀)နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူလျက်ရှိပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် အချက်အလက်များရရှိနိုင်ရန် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သန်းခေါင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5865
Page
5866
Page
5867
Page
5868
Current page
5869
Page
5870
Page
5871
Page
5872
Page
5873
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department