အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2024
လားရှိုးမြို့အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။
Jun 08,2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေး ဖြတ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသား (၆၅)ဦးကျော်ရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး စုပေါင်းခန်းမ၌ ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲ အခမ်းအနားမှ သိရသည်။
Jun 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာပညာသင်ကြားနိုင်‌ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် ယနေ့ နံနက် ၈ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
Jun 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၁/၂၀၂၄)နှင့် လေးနှစ်သင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Jun 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မြန်မာ-တရုတ်နယ်စပ်အဝင်အထွက် ဂိတ်နန်းတော်ဂိတ် (တရုတ်ဘက်) ၌ မြန်မာ-တရုတ် ချစ်ကြည်ရေးအဖွဲ့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။
Jun 08,2024
၂၀၂၄-ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Jun 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ဇွန်လ (၃)ရက်နေ့မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Jun 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူ ဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ် (၃၆) တိုးချဲ့ရပ်ကွက်၊ ဓမ္မာရုံတွင် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။