သာကေတ ဇွန် ၈
၂၀၂၄-ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြော ကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးညွှန့်ဝင်းက မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးနှင့်ဘိန်းအမျိုး အစား၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်က မိုင်းအသိ၊ မိုင်းသတိအကြောင်းအရာများအားလည်းကောင်း၊ သာကေတမြို့နယ် အမှတ်(၃၇)ယာဥ်ထိန်း ရဲတပ်ဖွဲ့စု၊ ဒုရဲမှူးအောင်ဇော်ထွန်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာ ဦးစောသက် ဇေ အောင်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)