Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသ အသီးသီးသို့ပြန်လည်ပို့ဆောင်
Jun 10,2024
မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ် ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား (၉၈) ဦး၊ အမျိုးသမီး (၂၂)ဦး၊ စုစုပေါင်း (၁၂၀) ဦးအား ထိုင်းနိုင်ငံရနောင်းမြို့မှ တစ်ဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ယနေ့ မွန်းတည့် (၁၂)နာရီခန့် က တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းငူကျေးရွာတွင် မေတ္တာပေါင်းကူးတံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းငူကျေးရွာအုပ်စု၊ ရှမ်းငူ ကျေးရွာတွင် မေတ္တာပေါင်းကူးတံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၀)ရက်နေ့ နံနက် (၈:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်
Jun 10,2024
လားရှိုးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် ဘိုးဘွားရိပ်သာရှိဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး
Jun 10,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က စေတနာလူမှုကူညီရေးအသင်း၌ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ…
Jun 10,2024
၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်
Jun 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေး
Jun 10,2024
မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းမှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့တွင် သောက်သုံးရေလိုအပ်သည့် နေရာများအား ဖြန့်ဝေပေး
Jun 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရန်အတွက် ယနေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်သည့်နေရာများသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5842
Page
5843
Page
5844
Page
5845
Current page
5846
Page
5847
Page
5848
Page
5849
Page
5850
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department