အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက်(၁၀)နာရီက ရွာတော်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ရန်ကုန်သစ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရးမှူးရုံးတွင် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Jun 14,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ကော်ဖီ၊ ရော်ဘာ၊ ဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် တညင်းပင်များကို တစ်နိုင်တစ်ပိုင်စီးပွားရေးအတွက် စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းပိုင်းတွင် ပေါ်ဦးပေါ်ဖျားစတင်ဆွတ်ခူးချိန်၌ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
Jun 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကလေးအလုပ်သမားပပျောက်ရေ းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့်ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ဇီးဖြူကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသည်။
Jun 14,2024
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းပိုလျှံရန်ပုံငွေ(GRF)အဖြစ် ကရင်ပြည်နယ်အတွင်း ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းပေါင်း (၂၈)ခုကို ခွင့်ပြုဆောင်ရွက်လျက်ရှိရာ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများအနက်မှ ခွင့်ပြုရန်ပုံငွေကျပ် ၁၄၂ ဒဿမ ၈၁၃ သန်းဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ ခနိမ်းဒိုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။