အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဖြင့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက လေယာဉ်ကွင်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။
Jun 14,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈လမ်းနှင့် လမ်း ၃၀ တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ လူထုအသိပညာပေးလှုံ့ဆော်ရေးဆိုင်းဘုတ် စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
Jun 14,2024
လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာပေအသိပညာ မြင့်မားတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ယနေ့နံနက်(၁၁)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဘိုကလေးမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ အ.လ.က (ခွဲ) ကျောင်းသို့ ကွင်းဆင်းကာ လူငယ် အသိပညာပေးဟောပြောပွဲနှင့် လူငယ်ကဏ္ဍမြင့်မားရေးဆိုင်ရာပြပွဲများ ပြသဆောင်ရွက်သည်။
Jun 14,2024
ပဲခူးတိုင်းဒေသကြီး၊ ‌ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများသို့ထုတ်ချေးခဲ့သည့် ၂၀၂၄ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၂၀) ရက်နေ့မှစတင်၍ ဒိုက်ဦးမြို့နယ် ကန်တော်မင်္ဂလာပုပ္ပါးကျောင်းတိုက်ဓမ္မရုံတော်ကြီးတွင် ထုတ်ချေးပေးလျက်ရှိ‌ကြောင်းသိရသည်။
Jun 14,2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်းကိုပုံမှန်ဆောင်ရွက်လျက်ရှိရာယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
Jun 14,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန် (၁၄) ရက် နံနက် ၉ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ သွေးသန့်/ သွေးလှူရှင်များ တက်ရောက်ခဲ့သည်။
Jun 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ AM ဖူဆယ်ဘောလုံးအားကစားကွင်းတွင် ယနေ့မွန်းလွဲ (၂) နာရီက အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်သည်။