အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အ.မ.က မြောက်ပိုင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လေ့လာရေးလာရောက်ဆောင်ရွက်ခဲ့ကြ သည်။
Jun 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာ တိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀:၃၀) နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2024
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၈နာရီအချိန်က ပုဂံ-ညောင်ဦးလေဆိပ် မီးပွိုင့်လမ်းဆုံတွင် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Jun 14,2024
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ မှ (၁၅) ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်ပတ်သက်၍ လူထုအသိပညာပေး လှုံဆော်ရေးပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်  ၈ နာရီက ကန်သာယာရပ်ကွက်ရှိ ကန်သာမင်္ဂလာကန်တော်တွင်ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊  အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများတက်ရောက်သည်။
Jun 14,2024
မ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်ကာ အမျိုးသား/ အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များ တက်မြောက်စေရန်အလို့ငှာ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Jun 14,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း အသိပညာ ပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းကို ယမန်နေ့က အ.ထ.က (လည်ပေါ်)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2024
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ် ညီညွတ်မျှ တစေရေး၊ ရာသီဥတု ကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်းအတွင်း၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
Jun 14,2024
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေမကျေးရွာရှိ ရိုးမမြိုင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအား မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ စမ်းဝတီ သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။