တံတား ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တံတားမြို့ စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုခိုင်ဦးဆောင်၍ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်မာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် စာသင်ခန်းများ၊ ဆရာ/ဆရာမနားနေခန်းများ၊ သန့်စင်ခန်းများ၊ ရေမြောင်းများနှင့် ကျောင်းအတွင်း/အပြင် ပတ်ဝန်းကျင်းများ၌ ခြင်ခိုအောင်းမှုမရှိစေရန်၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောရောဂါ အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို တံတားမြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အ.မ.က (မူလွန်) ကျောင်းနှင့် အ.မ.က ကျောင်းတို့တွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)