တပ်ကုန်းမြို့နယ်၌ စားသုံးဆီဖူလုံရေး နှမ်း ၁၉၃၉၂ ဧက လျာထားစိုက်ပျိုး

တပ်ကုန်း ဇွန် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ငရုတ်၊ ဖူးစားပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီး ဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိရာ စားသုံးဆီဖူလုံရေး နှမ်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် နှမ်းစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှု သက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်နိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းစိုက်ပျိုးကြောင်း၊ ဆီထွက်သီးနှံ နှမ်းကို ၁၉၃၉၂ ဧက လျာထားစိုက်ပျိုး၍ ၃၀၂၈ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းနှင့် နှမ်းရိတ်သိမ်းချိန်မှာ    ဈေးကောင်းရရှိရေး မျှော်လင့်ကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

တင်စိုးလွင်