လပွတ္တာ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း စားသုံးဆီ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီ၊ ရောနှောဆီများ၏ အရည်အသွေးများ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၆) ရပ်ကွက် ရေပေါ်ဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရ၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးများ ကြီးကြပ်မှု ကော်မတီပါဌာနဆိုင်ရာများမှ တာဝန်ရှိသူများပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချရေး၊ ကိုယ်စားလှယ်များထံမှ ဝယ်ယူထားသောဆီများ စားသုံးသူလက်ဝယ်ရောက်ရှိရေး၊ သိုလှောင်ပြီး စျေးနှုန်းကြီးစွာဖြင့် မရောင်းချရေး၊ စားသုံးဆီအရောင်းဆိုင်များရှိ ဟင်းသီးဟင်းရွက်ဆီ (Blended Oil) အဖြစ် ရောစပ်ရာတွင် ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးသည် အနည်းဆုံး (၄၀) ရာခိုင်နှုန်းသာဖြစ်ရန်၊ မည်သည့်အနံ့ကိုမျှ ထည့်သွင်းခြင်းမပြုရန်၊ တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီများ ရောနှော အသုံးမပြုကြရန်၊ ရာခိုင်နှုန်းများသည့် ဆီအမျိုးအစားကို ဦးစားပေးဖော်ပြရန်၊ ကုန်အညွှန်း အမှတ်အသားများကို စနစ်တကျထားရှိရန်နှင့်စားသုံးဆီများ၏ အရည်အသွေးများ၊ မှတ်ပုံတင် အမှတ်အသားအတုများအား ရှောင်တစ်ခင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
မူမူ