လှည်းကူး ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပုံပြင်ပြောပြိုင်ပွဲများကို အ.မ.က (မူလွန်) ရန်ကင်းကျောင်းမှ ကျောင်းသား/သူ (၂၃)ဦးက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအမျိုးအစားများနှင့်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့်ဆိုးကျိုးများအကြောင်း အသိပညာပေးနံရံကပ်နှင့် မှတ်တမ်းဓာတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အေးအေးနွဲ့