ကြံခင်းမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကြံခင်း ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အဖြစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို   ယနေ့နံနက် (၉) နာရီအချိန်က၊  ကြံခင်းမြို့နယ်၊ မြောက်မြန်အောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၇) တွင် ကျင်းပပြုလုပ်သည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် တောအုပ်ကြီး ဦးမျိုးမင်းဇော်တို့ဦးဆောင်ကာ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ဇီဝမျိုးကွဲမျိုးစုံတို့ ရှင်သန်ပေါက်ဖွား ဖြစ်ထွန်းစေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေးနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်ပြီး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ရပ်မိ/ဖများ၊ ဒေသနေပြည်သူများ စုပေါင်းစိုက်ပျိုးကြသည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း (၇၀၀)၊ ပျဉ်ကတိုး (၆၀)၊ ယူကလစ် (၃၅၀)၊  ပိတောက် (၁၀၀)၊  စုစုပေါင်းပျိုးပင် (၁၂၁၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)