ပခုက္ကူခရိုင်အဆင့် အမျိုးသမီးကော်မတီ(၁/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပခုက္ကူ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် အမျိုးသမီးကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၂) ခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ပခုက္ကူခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သန္တာဦးက ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ချက်များ၊ အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုများနှင့် အသိပညာပေးဆောင်ရွက်မှုများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်များနှင့် ရည်ရွယ်ချက်များ၊ ဦးစီးဌာနမှ ဝန်ဆောင်မှုပေးသည့်အခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ခရိုင်အဆင့် အမျိုးသမီးကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများအပေါ် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ပြောကြားသည်။

ဘာမီသာ