Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်ထိုမြို့နယ်တွင် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စုပေါင်းဇာတ်တိုက် လေ့ကျင့်
Jun 27,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ ကဒက်ချောင်းရေထိန်းတံခါး၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ဆန်စက်၊ ဆန်ကုန်သည်၊ ဆီကုန်သည်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Jun 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် အဖွဲ့ဝင်များသည် ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်များရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး
Jun 27,2024
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အင်းတော်မြို့ အင်းမြသာယာအားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ၌ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိ ကို ဇွန်လ (၂၅) ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် မြေပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Jun 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ယမန်နေ့ ဇွန် (၂၅) ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အေးမြကန်သာရပ်ကွက်၊ မနော်ဟရီ(၆)လမ်းထိပ် တောင်စောင်းရှိ နေအိမ်တစ်လုံး မြေပြိုကျမှုဖြစ်ပွားခဲ့ရာ မြေပြိုမှုကြောင့် အိမ်ရှင်အမျိုးသမီးတစ်ဦးသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့ နံနက် (၁၁) နာရီအချိန်တွင် ကော့သောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြေပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄ ခုနှစ် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးရေးအဖွဲ့များ ရှောင်တခင်စစ်ဆေး
Jun 27,2024
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တာဝန်ရှိသူများပါဝင်သော စစ်ဆေးရေးအဖွဲ့က ယမန်နေ့မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အားကစားအသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Jun 27,2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၊ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ အားကစားအသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5622
Page
5623
Page
5624
Page
5625
Current page
5626
Page
5627
Page
5628
Page
5629
Page
5630
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department