အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် မျိုးစေ့/ပျိုးပင်၊ မျိုးစေ့ချကိရိယာနှင့် ဓာတ်‌မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်အပြင် စာအုပ်စာစောင်များကို အလွယ်တကူ ပိုမိုငှားရမ်းဖတ်ရှုနိုင်စေရေးအတွက် ဖြူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ယနေ့ နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ သွားရောက် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jun 27,2024
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Jun 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ လယ်သာကျေးရွာအတွင်းရှိ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (Yellow Generation Wave-YGW) တွင် နေထိုင်သည့် အသက်(၁၅)နှစ်အောက် ကလေးငယ်များအား အထူးအစီအစဉ်ဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇွန် ၂၅ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jun 27,2024
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ (အထိမ်းအမှတ်) ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ် သည်။
Jun 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ် (၈)ရပ်ကွက်ရှိ အ.ထ.က (၃)ကျောင်း၊ ကျောင်းမုဒ်ဦးသစ်အား အလှူရှင် (ဦးကျော်ဇောလင်း) ဇနီးသီဟသုဓမ္မသိင်္ဂီဒေါ် အေးအေးသက်မိသားစုမှ ငွေကျပ် သိန်း (၁၁၀) ကျော် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့သော အ.ထ.က (၃)ကျောင်း၊ ကျောင်းမုခ်ဦးသစ်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျောင်မုခ်ဦးရှေ့တွင် ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
Jun 27,2024
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်၍ ယနေ့နေ့လည်က လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ ဟောပြောပွဲကို အ.ထ.က (၂) မြန်အောင် (နေခြည်) ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။