အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(ဝန်းသို)၊ မြတ်ဆရာခန်းမတွင် ကျင်းပသည်
Jun 27,2024
သာသနာတော်နှစ်(၂၅၆၈)နှစ် ကောဇာသက္ကရာဇ် (၁၃၈၆)ခုနှစ် ခရစ်နှစ်(၂ဝ၂၄) ခုနှစ် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ တန်ခိုးကြီး သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီး၏ စေတီတော်ဦး ငှက်ပျောဖူးတော်၊ ကြာနုကြာဖတ်တို့ကို (၉”x၉”)ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က မကွေးမြို့ မြသလွန်စေတီတော်ရင်ပြင် မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပရာ မြသလွန်စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီး (၉)ပါး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
Jun 27,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဒေသတွင်းမီးရှို့ ဖျက်ဆီးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က စွမ်စော်ရပ်ကွက်၊ ဘာသာပေါင်းစုံသင်္ချိုင်း၌ ပြုလုပ်ခဲ့သည်။
Jun 27,2024
ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ ဆဋ္ဌဂံစာအုပ်မှ စာရေးဆရာ သိုက်စိုးထွန်း(နတ်ရွာ)၏ အရေးကြီးတာအရင်လုပ်ပါ ဆောင်းပါဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ယင်းမာပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက်   မြို့နယ်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
Jun 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နေထိုင်သူများ အတည်ပြု လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် (စတုတ္ထအကြိမ်မူကြမ်း)စာရင်းရေးသွင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ရုံးအောက်ထပ် ကော်မရှင်များဆောင်ရွက်နေသောနေရာ၌ ယနေ့ နံနက် (၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Jun 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဗဟိုစာရင်းအင်းအဖွဲ့မှကြီးမှူး၍ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်းဆင့်ပွားသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ဖွင့်လှစ်သည်။
Jun 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာ​ပေး​​ဟော​ပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အလ.က(ပါဆန်း)တွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။