အမြို့မြို့အနယ်နယ်သတင်းများ

Jun 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသည့် ကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
Jun 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကြဲခင်းစနစ်လျော့နည်းပပျောက်ရေးနှင့် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
Jun 29,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့တော်ခန်းမဝင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Jun 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များစိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့်ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက်၇နာရီခွဲက မောက်မယ်-ဝမ်ဟတ်−လင်းခေး ကားလမ်းဘေး ဝဲ/ယာ၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။
Jun 29,2024
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jun 29,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည့် အနောက်တိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲသို့ ရောက်ရှိကာ သင်တန်းသားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းတို့က အားပေးစကားအသီးသီးပြောကြားခဲ့ပြီး သင်တန်းသားများနှင့်အတူ နံနက်စာအား အတူတကွ သုံးဆောင်ခဲ့သည်။
Jun 29,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး/​မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ဦးဆောင်မှုဖြင့် ပေါက်တောကျေးရွာရှိ တောင်သူဒေါ်ခင်ငြိမ်း၏ ကွင်းအမှတ်(၃၃၉)၊ ဦးပိုင် အမှတ်(၃)၊ လယ်ယာမြေ(၇) ဧကတွင် ယ​​မန်နေ့နံနက်ပိုင်းက Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအား လက်တွေ့ကွင်းသရုပ်ပြသ ဆောင်ရွက်ခဲ့သည်။
Jun 29,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ မြန်မာအမျိုးသမီးများနေ့အကြို အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။