Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စားသုံးဆီနှင့် ဆန်ဈေးနှုန်းမှန်ကန်တည်ငြိမ် စွာရောင်းချရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
Jun 29,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်ဆန်ဈေးနှုန်း မှန်ကန်တည်ငြိမ်စွာ ရောင်းချရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆန်ကုန်သည်၊ ဆီကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jun 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
Jun 29,2024
ရပ်စောက်မြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း(ဗထူး)၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် ကျောင်းဆင်းပွဲ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်(၇)နာရီက တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 29,2024
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 29,2024
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက မရမ်းချောင်ကျေးရွာသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ လိုက်လံခတ်ပေး
Jun 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့်အဘိတ်ဆေးများခတ်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီတွင် အမှတ်(၁၀)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ နွေစပါးဆာဖိုးသာစပါးမျိုး အကွက်ကျယ် စံပြကွက် ဧက ၅၀ စံကွက်ရိတ်သိမ်း တစ်ဧကပျမ်းမျှအထွက်နှုန်း စပါးအစို တင်း ၁၆၀ ကျော် ထွက်ရှိ
Jun 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာအုပ်စု၌ နွေစပါးဆာဖိုးသာစပါးမျိုး အကွက်ကျယ် စံပြကွက် ဧက ၅၀ စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း စပါးအစို တင်း ၁၆၀ ကျော် ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စုတွင် မြစ်ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Jun 29,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပြိုဘေးအန္တရာယ်ကျရောက်နိုင်သည့် မာန်မြေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာမှ ကြိုတင်ပြောင်းရွေ့ခဲ့သည့် အိမ်ခြေ (၆၃)လုံးနှင့် အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5596
Page
5597
Page
5598
Page
5599
Current page
5600
Page
5601
Page
5602
Page
5603
Page
5604
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department