Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချောင်းဆုံမြို့နယ်၌ ရတနာထွန်း(လယ်/ထွေ) သမဝါယမအသင်းလီမိတက်မှ ထောက်ပံ့ငွေ ပေးအပ်
Jun 29,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ လာမည့် ဇူလိုင်လ(၆)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးဆောင်ကာ ရတနာထွန်း(လယ်/ထွေ)သမဝါယမအသင်းလီမိတက်၏ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုဒွန်းကျေးရွာ သီဟိုဠ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်
Jun 29,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်၊ ဘိုးဘွားရိပ်သာဘေး ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ မိုးရာသီတိရိစ္ဆာန် အစာပင်စိုက်ပျိုးပွဲကျင်းပ
Jun 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနစီစဉ် ကျင်းပသည့် မိုးရာသီ တိရိစ္ဆာန်အစာပင် စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီက လွယ်လုံကျေးရွာရှိ တောင်သူ ဦးစိုင်းနွံ၏ လယ်မြေတွင် ကျင်းပသည်။ ရှေးဦးစွာ ကျိုင်းတုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ခိုင်မြဲစည်သူက တိရိစ္ဆာန်အစာပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “တိရိစ္ဆာန်များအတွက်လိုအပ်သော အစာအာဟာရကို လုံလုံလောက်လောက် ကျွေးမွေးပြီး တိရိစ္ဆာန်နှင့် တိရိစ္ဆာန်နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ တိရိစ္ဆာန်များ၏ အသက်ရှင်သန်မှု ၊ ကျန်းမာကြီးထွားမှု၊ ထုတ်လုပ်မျိုးပွားနိုင်မှုတို့အတွက် အစာအာဟာပြည့်ဝသော အစားအစာများကို ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း” ပြောကြားပြီး ဝန်ထမ်းများ၊ ဒေသခံပြည်သူများက လွယ်လုံကျေးရွာနေ တောင်သူ ဦးစိုင်းနွံ၏ လယ်မြေ (၃)ဧကတွင် နေဗီယာနှင့်မွန်ဘားဆားမြက် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Jun 29,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပဆောင်ရွက်
Jun 29,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၈) နာရီ ၃၀ အချိန်က အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရော…
Jun 29,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်
Jun 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5593
Page
5594
Page
5595
Page
5596
Current page
5597
Page
5598
Page
5599
Page
5600
Page
5601
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department