ဘုတ်ပြင်းမြို့၌ မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဘုတ်ပြင်း ဇွန် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့တော်ခန်းမဝင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ဘုတ်ပြင်းခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား စိုက်ပျိုးမည့်ပျိုးပင်များ အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများက ခရေပင်(၃၀)ပင်၊ မြေခွေးဖင်မြီးပင် (၁၅)ပင်၊ ရွက်လှပင်(၁၂)ပင်၊ ခရာဝါပင်(၂၅)ပင်၊ စက္ကူပန်းပင်(၃၀)ပင်၊ စုစုပေါင်းပျိုးပင်(၁၁၂)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)