Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးနဲမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို နောင်မြိုင်းကျေးရွာအုပ်စုရှိ လွိုင်စယ်ဘုန်းတော်ကြီးကျောင်းဝင်းတွင် ယနေ့နံနက်၇နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်း
Jun 29,2024
ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းခြင်းကို ရပ်ကွက်အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ခန်းမတွင် ဖြူးအရှေ့ရပ်ကွက်ရှိ ပြည်သူများအားရှင်းလင်းအသိပညာပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြန်မာရွှေ့ပြောင်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့
Jun 29,2024
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် မြန်မာရွှေ့ပြောင်းအခြေခံပညာကျောင်းပေါင်း ၂၉ ကျောင်းဖွင့်လှစ်ထားရှိပြီး KG တန်းမှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူ ၅၅၃၄ ဦး ပညာသင်ကြားလျက်ရှိရာ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Jun 29,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဆောင်ရွက်မည့် ကျေးရွာ ၆ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီထံသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့အတွင်း ပြန်လည်နေထိုင်သူအိမ်ထောင်စုများအား လူသုံးကုန်ပစ္စည်းများ ထောက်ပံ့
Jun 29,2024
ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်မီးလောင်ပျက်စီးသွား၍ ဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သူ အိမ်ထောင်စုများအား ကော့ကရိတ်မြို့၊ မြို့မအားကစားရုံ၌ ယမန်နေ့က လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 29,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (မန္တလေး) အတွင်း ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် (မန္တလေး) တာဝန်ခံပါမောက္ခချုပ် ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့် သစ်တောဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ဆရာဆရာမများ၊ NGO အဖွဲ့များ၊ ဒေသခံပြည်သူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ စားသုံးဆီနှင့် ဆပ်ပြာမှုန့်များထောက်ပံ့ပေးအပ်
Jun 29,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်းစုအမှုဆောင်နှင့်အသင်း၏ဝန်ထမ်းများအား စားသုံးဆီနှင့် ဆပ်ပြာမှုန့်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5598
Page
5599
Page
5600
Page
5601
Current page
5602
Page
5603
Page
5604
Page
5605
Page
5606
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department