အမြို့မြို့အနယ်နယ်သတင်းများ

Oct 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမကဏ္ဍမှ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်  မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမ အသင်းစုပိုင်‌ငွေဖြင့် ဆောင်ရွက်သည့် မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်း လုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့်အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တောင်တောကုန်းကျေးရွာရှိ တောင်တောကုန်းစိုက်ပျိုး‌ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးသန်းရွှေ၏ ကွင်းအမှတ်( ၅၄၉/က) ရှိ ဦးပိုင်အမှတ် (၂၃/၂)စိုက် ဧက(၃)ဧကတွင်ဝါမျိုး TBL-195 ဝါစိုက်ခင်းအောင်မြင် ဖြစ်ထွန်းပြီးဝါခူး ဆွတ်နေမှုများကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 30,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အောက်တိုဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက  Book Club အဖွဲ့ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 30,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Oct 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ကျုံကန်ကျေးရွာအုပ်စုရှိ မိုးစပါးဧက( ၁၀၀. ၀၀)စံပြစိုက် ခင်း၌ ယမန်နေ့မွန်းလွဲ  ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Oct 30,2025
အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေမည့်စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် မြို့နယ်ပညာရေးမှူး ရုံးခန်းမနှင့် အထက(၁) ကျောင်းတို့၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့သည်။
Oct 30,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း အင်ဂျန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးကျေးရွာ၊ အဓိဌာန်အောင် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား ရွှေသိမ်တော်ဓမ္မာရုံတွင် ယနေ့နံနက် (၈)နာရီ က(၃၈)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ သိမ်းအောင်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန သင်္ဃန်းကျွန်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။