အမြို့မြို့အနယ်နယ်သတင်းများ

May 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅၇)ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စု(၃)စုအား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၇)ရပ်ကွက်တွင် ပြုလုပ်‌ကြောင်း သိရသည်။
May 26,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်နှိုးဆော်ချက်" နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လိုက်လံနှိုးဆော်ခဲ့သည်။
May 26,2026
ရန်ကုန်တိုင်းဒေသကြီး၊အလုံခရိုင်၊စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်‌‌အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို  ယနေ့နံနက်(၁၁)နာရီက ကျွန်းတောလမ်း ကျွန်းတော(ဓမ္မာရုံ)၌  ကျင်းပ‌ဆောင်ရွက်သည်။
May 26,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများအတွက်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ဇုတ်သုတ်တိုက်နယ် ပြည်သူ့ဆေးရုံ၌ မွန်ပြည်နယ် ကုသရေးဦးစီးဌာနနှင့် သထုံခရိုင်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဘီးလင်းမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ပူး ပေါင်းဆောင်ရွက်ခဲ့ကြသည်။
May 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ(ဆင့်ပွား)ဆွေးနွေးပွဲ ပြီးမြောက်ပွဲအခမ်းအနားနှင့်  မြို့နယ်ဂုဏ်‌ဆောင်လူရည်ချွန်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
May 26,2026
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ယနေ့နံနက်ပိုင်းကအခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ကြသည်။
May 26,2026
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့နယ်မှ နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီးလမ်းတွင် တာဝန်ရှိသူများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
May 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ၂၀၂၆ ခုနှစ် မေ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။