ဝေါ မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့နယ်မှ နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီးလမ်းတွင် တာဝန်ရှိသူများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
ထိုသို့ဂုဏ်ပြုကြိုဆိုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသက်လွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်း ၊ဌာနဆိုင်ရာအကြီးအကဲများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး၊ အိုးစည်ဒိုးပတ်များဖြင့် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)