အမြို့မြို့အနယ်နယ်သတင်းများ

May 25,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၌ နိုင်ငံတော်မှ မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ၊ ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒ၊ ရည်မှန်းချက်များကို  ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ဟန်ချက်ညီညီ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြိတ်ခရိုင်၏ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို မေ၂၅ရက် မွန်းလွဲ(၂)နာရီက မြိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 25,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံရေးလှုပ်ရှားမှုများကို ယနေ့မေ ၂၅ ရက်မှ စတင်ကျင်းပလျက်ရှိရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ယနေ့နံနက်ရှစ်နာရီမှ စတင်ကာ ကျောင်းအပ်နှံမှုအခြေအနေများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်ကားလျက်ရှိကြောင်း သိရသည်။
May 25,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် KG/Grade-1 သင်ပြနည်းစနစ်နှင့်မူကြို သင်ပြနည်းစနစ်ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲပြီးမြောက်မှုအခမ်းအနားကို မေ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက အခြေခံပညာနှင့်စက်မှု စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပသည်။
May 25,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားရာ ယနေ့နံနက် ၉ နာရီမှစ၍ ပုလောမြို့နယ်ရှိအခြေခံပညာကျောင်းများ၌  ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။
May 25,2026
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ (၁၀)မျိုး (၁၀)ပေါင် စားဖိုဆောင် သီးပင်၊စားပင်များ ၊ငွေနှင်းမှို မျိုးထုပ်များ ပေးအပ်ခြင်း နှင့်လက်တွေ့စိုက်ပျိုးခြင်း ပညာပေးကွင်းသရုပ်ပြပွဲကိုယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
May 25,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12  ကျောင်းသားကျောင်းသူများအား  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ(၂၅)ရက်မှစတင်၍ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများ၊ ကျောင်းသားကျောင်းသူများ လာရောက် အပ်နှံလျက်ရှိကြောင်းသိရသည်။
May 25,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းသားကျောင်းသူများအား မေ ၂၅ ရက် နံနက်  ၉ နာရီက စတင်၍ ကျောင်းအပ်စတင်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/ကျောင်းသူများ များပြားလျက်ရှိကြောင်း သိရသည်။