ဒဂုံတောင် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ၂၀၂၆ ခုနှစ် မေ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ဦးစွာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီးမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြတ်စံက ဖတ်ကြားပြီးနောက် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ တိုင်းဒေသကြီလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်တို့က ဂုဏ်ပြုချီးမြှင့်စကားပြောကြားပြီး ရုပ်ရှင်သရုပ်ဆောင်နေနော်က မိတ်ဆက်စကားနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ လေးစားဂုဏ်ယူဖွယ်လုပ်ငန်းဆောင်ရွက်မှုများ ဆွေနွေးပြေကြားသည်။
ထို့နောက် BFA(Basic First Aid) ရှေးဦးပြုစုခြင်းသင်တန်း ၊ SAR(Search and Rescue) ရှာဖွေကယ်ဆယ်ရေးသင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုအောင်လက်မှတ်များ၊ တပ်ဖွဲ့ဝင်များအားစွမ်းဆောင်ရည်ဆုများ၊ သင်တန်းနည်းပြများနှင့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြကြောင်းနှင့် တက်ရောက်လာသော ဧည့်သည်တော်များနှင့်တပ်ဖွဲ့ဝင်များအား ကြက်ဆီထမင်းဖြင့် ဧည့်ခံကြောင်းသိရသည်။
နေမျိုးအောင် (ပြန်/ဆက်)