လက်ပံတန်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေပွဲကျင်းပ

လက်ပံတန်း မေ ၂၄

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ယနေ့နံနက်ပိုင်းကအခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ကြသည်။

အဆိုပါပညာပေးရှင်းလင်းပွဲတွင် လက်ပံတန်းမြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမျိုးပိုင်ဦးက ပြည်တွင်းအခွန်ဦးစီးဌာနမှ‌ ကောက်ခံဆောင်ရွက်နေသော အခွန်များအကြေင်းနှင့် အခွန်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေး‌နွေးခဲ့ပြီး တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများ၏ သိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း(ပြန်/ဆက်)