Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းဘူးခရိုင်၌ မဲဇလီရေလွှဲဆည်မှ ဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးရန် ဧကပေါင်း ၈၀၀၀၀ ကျော်အား ပျိုးထောင်ရေများ စတင်ပေးဝေ
Jun 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်အောက်ရှိ မဲဇလီရေလွှဲဆည်မှ ဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးရန် ဧကပေါင်း ၈၀၀၀၀ ကျော်အား စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ယခုအခါ ပျိုးထောင်ရေများ စတင်ပေးဝေလျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် မြန်မာ့လက…
Jun 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီလမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား (ဒုတိယအကြိမ်) ကျင်းပ
Jun 30,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံ-နဘူးမော်တော်ကားလမ်း ၊ လမ်းဘေးဝဲယာ (၆ ဒဿမ ၅) ကီလိူမီတာ မှ (၇ ဒဿမ ၅) ကီလိုမီတာ၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)အဖြင့် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့ အမှတ်(၂)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကြာအင်း၊ အမှတ်(၁၀၁၅) နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးဝင်းနိုင်စိန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ…
Jun 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်လ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့ရှိ ကော်ဖီစိုက်ခြံများတွင် ကော်ဖီပင်များ စိုက်ပျိုးအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုအားပေး
Jun 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ ကော်ဖီစိုက်ခြံများတွင်ကော်ဖီပင်များ စိုက်ပျိုးအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခြင်းကို ယနေ့နံနက်ပိုင်းက ခြံပိုင်ရှင် ဦးသူဝင်းစိန်၊ ဦးစိုးလင်း၊ စောအားကျော် ဦး၊စောအယ်ညော၊ စောသောင်းစိန်ခြံ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးပွဲ ကျင်းပ
Jun 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု တောင်သူ ဦးဝင်းစိန်၏ ကွင်းအမှတ် ၃၈၅ -A၊ ဦးပိုင်အမှတ် ၅၆/၂၊ ဧရိယာ(၅)ဧကရှိ လယ်မြေပေါ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) ထည့်သွင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၊ ထန်းခြောက်ပင်ကျေးရွာ၌ အလယ်တန်းကျောင်း(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်
Jun 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဍ) အတိုးရငွေဖြင့် ပြန်လည်ပြုပြင်ဆောက်လုပ်ပြီးစီးသည့် အခြေခံပညာ အလယ်တန်းကျောင်(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ်လွှဲ ပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Jun 30,2024
ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ကွပ်ကဲမှုအောက်ရှိ ကမာရွတ်မြို့နယ်အခွန် ဦးစီးဌာနမှူးက စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် လက်ဝတ်ရတနာဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း/ အင်း၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်၊ ကိုယ်ပိုင်ကျောင်း၊ အထူးကု ဆေးခန်းနှင့်အခြား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအား ယမန်နေ့ နံနက်ပိုင်းတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို အမှတ်(၂) အခြေခံမှုလတန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5587
Page
5588
Page
5589
Page
5590
Current page
5591
Page
5592
Page
5593
Page
5594
Page
5595
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department