Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငါန်းဇွန်မြို့နယ်၌ ပြည်သူမျာအား စားအုန်းဆီများဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေရောင်းချပေး
Jun 30,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ၍ မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိဿာ (၆၄၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ ဥယျာဉ်ကုန်းရွာ ရှေးဟောင်းသမိုင်းဝင် မဟာရာဇာမုနိအောင်တော်မူ စေတီတော်မြတ်ကြီးအသစ်ပြန်လည်လည်တည်ထားကိုးကွယ်ရန်အတွက် ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနား…
Jun 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ်ကုန်းရွာတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင်မဟာရာဇာမုနိ အောင်တော်မူ ရှေးဟောင်းစေတီတော်ဟောင်း ပြန်လည်ပြုပြင်ရေး ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားပုရဝုဏ်အတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားမှတ်ပုံတင်မရှိသေးသူများအား “ပန်းခင်း”စီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Jun 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားမှတ်ပုံတင် မရှိသေးသူများအား “ပန်းခင်း” စီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို အမှတ်(၁၄)ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရော၌ စားသုံးဆီနှင့်ဆန်များအား ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 30,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စားသူံးဆီဆိုင်များ၊ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းစျေးနှင့်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့်ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှတောင်သူများ တစ်နှစ်လျှင်ပြောင်းဖူး လေးကြိမ်ထိစိုက်ပျိုးရောင်းချနေ
Jun 30,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာအုပ်စုမှကျေးရွာများ တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုးရောင်းချကြကြောင်း ပြောင်းဖူးစိုက်တောင်သူဦးဌေးဝင်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ပြည်သူများအား ဆန်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး
Jun 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များအား စျေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆန်ဆိုင်များတွင် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က သတ်မှတ်ထားသည့်စျေးနှုန်းဖြင့် ဆန်ရောင်းချနေမှုအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(ဒုတိယအကြိမ်)သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ(ဒုတိယအကြိမ်)သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်၊ အင်းခေါင်းကန်အနီး မြေနေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၌ မိုးစပါးစိုက်ပျိုးရန် ၇၃၅၁၄ ဧက လျာထား
Jun 30,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မိုးစပါးထုတ်လုပ်မှု ပြည့်မီကျော်လွန် အထွက်ကောင်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးနာက် ရေတော်မိုးတော်ဖြင့် မြို့နယ်အတွင်း မိုးရာသီစပါး စိုက်ဧကအတွက် ၇၃၅၁၄ ဧကကို စိုက်ပျိုးထုတ်လုပ်ရန်လျာထားသတ်မှတ်ထားခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5583
Page
5584
Page
5585
Page
5586
Current page
5587
Page
5588
Page
5589
Page
5590
Page
5591
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department