အမြို့မြို့အနယ်နယ်သတင်းများ

Apr 18,2024
မုံရွာအကျဉ်းထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူများအနက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ယမန်နေ့တွင် အကျဉ်းသား ၁၈ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြောင်းသိရပြီး အဆိုပါလွတ်ငြိမ်းခွင့်ရရှိကြသူများအား လွှတ်ပေးသည့်အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က မုံရွာမြို့ အကျဉ်းထောင်ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 18,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ် ကျေးမှုအမေအနှစ်ဒေသအတွင်း ပုဂံခေတ်က ရေးရယူသုံးစွဲခဲ့ကြသည့် ရှေးဟောင်းရေ ကန်များ ပြန်လည်ရှာဖွေဖော်ထုတ်၍ ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့်အညီ ပြန်လည်ပြု ပြင်ထိန်းသိမ်းတူးဖော်လျှက်ရှိရာ ဧပြီ ၁၇ရက်၊ နံနက် ၉ နာရီအချိန်က ရွှေဆံတော်ဘုရား ကြီး အရှေ့တောင်ဘက် ရွှေဆံတော်ကန်တော်ထိပ် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 18,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၆:၀၀) နာရီအချိန်က ဉသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ ရေပက်ခံကားများ၊‌ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများ စုစုပေါင်း (၂၅၀၀) ဦးခန့်လာရောက် ပျော်စွာမြူးထူးစွာသင်္ကြန်ရေကစားခဲ့ကြသည်။
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ်မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/သူ (၂၂) ဦးအား ယမန်နေ့ နေ့လယ် (၁) နာရီက လွတ်ပေးခဲ့သည်။
Apr 18,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်‌နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့ နံနက် ငါးနာရီက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ဆရာတော်ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော သံဃာတော် ၁၀၈ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ဒေါ်မမ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 18,2024
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ  ဆုတောင်းပြည့် မဟာအံ့ထူးကံသာဘုရားနှင့်  နှီးဘုရားတွင်ကုသိုလ်ပြု ဘုရားဖူးလာသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုဖြစ်သည့် နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီ၌ ရန်ကုန်-ပုသိမ်လမ်းနှင့်ကနောင်မင်းသားကြီးလမ်းထောင့်၊ စက်မှုဇုန်မီးပွိုင့်တွင် အခမ်းအနား ကျင်းပပြုလုပ်သည်။