လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)၊ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုဖြစ်သည့် နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီ၌ ရန်ကုန်-ပုသိမ်လမ်းနှင့်ကနောင်မင်းသားကြီးလမ်းထောင့်၊ စက်မှုဇုန်မီးပွိုင့်တွင် အခမ်းအနား ကျင်းပပြုလုပ်သည်။

ဆက်လက်၍ ယိမ်းအဖွဲ့များမှ  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် အပိတ်တေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး  ယိမ်းအကပြိုင်ပွဲတွင်  ပထမဆု (၂၅) သိန်းကို အမှတ်(၇) ရပ်ကွက်နှင့် (၈) ရပ်ကွက်တို့မှ  အတာဦးပိတောက်မေယိမ်းအဖွဲ့မှရရှိ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန့်ဇင်နှင့်ဇနီးမှ ဆုချီးမြှင့်ပေးအပ်ပြီး၊  ဒုတိယဆုရရှိသော အမှတ် (၁၅) ရပ်ကွက်မှ  လှိုင်ပိတောက်မေယိမ်းအဖွဲ့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးမြတ်စိုးမှ ဆုချီးမြှင့်ပေးအပ်ပြီး၊   တတိယဆုရရှိသော  အမှတ် (၆) ရပ်ကွက်မှ နွေဦးပျိုမေယိမ်းအဖွဲ့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအုန်းရွှေတို့က ဆုချီးမြှင့်ငွေများ အသီးသီးပေးအပ်သည်။

ဆက်လက်၍ နှစ်သိမ့်ဆုများရရှိသာ ပိတောက်ဧကရီယိမ်းအဖွဲ့၊ ရွှေညောင်မြေယိမ်းအဖွဲ့၊ပိတောက်ပျိုမေယိမ်းအဖွဲ့၊ နှစ်ဦးမေယိမ်းအဖွဲ့တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်ဇနီး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်လျက်ရှိပြီး   ရေကစားမဏ္ဍပ်တွင် ရေလာကစားကြသော ပြည်သူများအား New Wave Bandအဖွဲ့မှဆက်လက်တေးဂီတအစီအစဥ်များဖြင့် ဖျော်ဖြေလျက်ရှိပြီး ပြည်သူများမှ မြန်မာရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားပြီးမြှောက်ကြောင်း သိရသည်။

ခင်၀င်းမူ

ဦးစီးအရာရှိ (ပြန်/ဆက်)