အမြို့မြို့အနယ်နယ်သတင်းများ

Apr 15,2024
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်  မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြတ်နေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ်ပြုလုပ်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 15,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းစီစဉ်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)ကျောင်း၌ ကျင်းပသည်။
Apr 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း ဖြူးချောင်းဆည်သို့ သွားရောက်၍ ရေပိုလွှဲအတွင်း ရေကစားသူများဖြင့် စည်ကားမှုရှိနေကြောင်း သိရသည်။ ဖြူးချောင်းဆည်သည် ရန်ကုန်မန္တလေးအမြန်လမ်းမကြီး (၁၁၅)မိုင် အနောက်ဘက် (၅)မိုင် အကွာအဝေးတွင်တည်ရှိပြီး ဖြူးဒေသအနေဖြင့် အခြားအားလပ်ရက်များနှင့် သင်္ကြန်ကာလအတွင်း ရေချိူးခြင်း၊ ရေကစားခြင်းအပန်းဖြေခြင်းများအနေဖြင့် သွားရောက်လျက်ရှိကြောင်း သိရသည်။
Apr 15,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ကြွေချိုင်ကျေးရွာ စန္ဒာရာမိကဓမ္မကထိက ဘုန်းတော်ကြီးကျောင်း၌ မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက် (၈) နာရီအချိန်တွင် ဥပုသ်သီတင်းဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 15,2024
၁၃၈၅ ခု မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကြတ်နေ့ ယနေ့နံနက် (၉)နာရီက ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်ချီးမြှင့်ပေးကြသည်။
Apr 15,2024
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 15,2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။