ညောင်ဦး ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ် ကျေးမှုအမေအနှစ်ဒေသအတွင်း ပုဂံခေတ်က ရေးရယူသုံးစွဲခဲ့ကြသည့် ရှေးဟောင်းရေ ကန်များ ပြန်လည်ရှာဖွေဖော်ထုတ်၍ ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့်အညီ ပြန်လည်ပြု ပြင်ထိန်းသိမ်းတူးဖော်လျှက်ရှိရာ ဧပြီ ၁၇ရက်၊ နံနက် ၉ နာရီအချိန်က ရွှေဆံတော်ဘုရား ကြီး အရှေ့တောင်ဘက် ရွှေဆံတော်ကန်တော်ထိပ် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဟောင်း ပုဂံခေတ်ရေကန်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းပြုပြင်နိုင်ရေး မြေသန့်မင်္ဂလာအခမ်းအနားတွင် တမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် လောကနန္ဒာစာသင်တိုက် ပဓာနနာယကဆရာတော် (မဟာဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တမေဃိယအရှင်သူမြတ်တို့ထံမှ ကိုးပါးသီခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ် တရားတော်နှင့်ကမ္မဝါ စာများရွတ်ဖတ်ပူဇော်ကြသည်။ဆက်လက်၍ ဦးအောင်ကျော် ကျော်နှင့်ဇနီးဒေါ်ယမင်းထွန်း၊ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ၊ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းတို့မှ လှူဖွယ်ဝတ္တုငွေများဆက်ကပ်လှူ ဒါန်းကြသည် ။ပြီးနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် လောကနန္ဒာစာသင်တိုက် ပဓာနနာယက ဆရာတော် (မဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တမေဃိယ အရှင်သူမြတ်တို့ထံမှ အနုမောဒနာ တရားနာယူကြည်ညိုကြ၍ ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။
ဒီပါလင်း
ညောင်ဦးခရိုင် (ပြန်/ဆက်)