မြန်မာနှစ်ဆန်းတစ်ရက်နေ့ ပြင်ဦးလွင်မြို့ရှိဆုတောင်းပြည့် မဟာအံ့ထူးကံသာဘုရားနှင့်  နှီးဘုရားတွင် ကုသိုလ်ပြု ဘုရားဖူးလာသူများနှင့်စည်ကား

ပြင်ဦးလွင် ဧပြီ ၁၈

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ  ဆုတောင်းပြည့် မဟာအံ့ထူးကံသာဘုရားနှင့်  နှီးဘုရားတွင်ကုသိုလ်ပြု ဘုရားဖူးလာသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဘုရားဖူးလာကုသိုလ်ပြုသူများသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ပန်း၊ရေချမ်း၊ဆီးမီးများ ကပ်လှူပူဇော်ခြင်း၊ ရေသပ္ပါယ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းနှင့် စတုဒိသာ လှူဒါန်းခြင်းတို့ဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို ကုသိုလ်ပြုခြင်းများဖြင့် လည်းကောင်း၊ ဆရာတော်သဃာတော်များအား လှူဖွယ်ပစ္စည်းများဖြင့်လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ်

(ခရိုင်ပြန်/ဆက်)