အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်သည်။
Jun 25,2021
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် သတင်းစကား လက်ကမ်းစာစောင်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ယနေ့နံနက်(၁၀)နာရီတွင် ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ ပြည်သူများအား ဖြန့်ဝေခဲ့သည်။
Jun 25,2021
 မိတ္ထီလာမြို့တွင် ယမန့်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့စစ်ဆေးတွေ့ရှိသူများ၏ ထိတွေ့မှု အများဆုံးအဖြစ် နန်းတော်ကုန်းရပ်ကွက် သဒ္ဓမ္မဝံသာရုံကျောင်းတိုက် သဒ္ဓမ္မပါလ ကျောင်းဆောင် တွင် သီတင်းနေထိုင်သည့် သံဃာတော် ၁ဝပါးအား ယနေ့နံနက် ၁၁ နာရီအချိန်က Rapid Test Kit များဖြင့် စစ်ဆေးခဲ့ရာမှ သံဃာတော် ၃ ပါးတွင် ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Jun 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာခွင့်ပြုရန်ပုံငွေ ကျပ် (၇၅၀၀၀ဝိ/−) ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး ကြက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြရန် ရည်ရွယ်၍ ဒေသကြက်မျိုးများ အခမဲ့ဖြန့်ဖြူးပေးခြင်းကို ဟိုလွိုင်ကျေးရွာအုပ်စု နားလော့ကျေးရွာတွင် ယမန်နေ့နေ့လည် ၁ နာရီက သွားရောက်ပေးအပ်ခဲ့သည်။
Jun 25,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများသို့ ၂၀၂၁ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ(၂၆)ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဇွန်လ(၂၃)ရက်နေ့အထိ ကျေးရွာအုပ်စု(၄၃)စုအနက် အုပ်စု(၇)စုမှ တောင်သူ(၄၅၈)ဦး၏ လယ်ဧက(၃၇၈၇)ဧကအတွက် ချေးငွေကျပ်(၅၆၈၀.၅)သိန်းကို ‌ထုတ်ချေးပေးပြီးဖြစ်သည်။
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီ  ဆွေးနွေးပွဲကို စီမံအုပ်ချုပ်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။