အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
Apr 12,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
Apr 12,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၁ ရက်နေ့မှစ၍ လက်ပံတန်းမြို့နယ်အတွင်း မီးလောင်မှုများ လျော့နည်းစေရန်အတွက် မီးသတိမူရေးလှည့်လည်ဆော်သြခြင်း၊ စျေးအတွင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 12,2024
မဟာသင်္ကြန် နှစ်သစ်ကူးကာလအတွင်း ကချင်ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြား‌ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 12,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက(၁၂၈၉၄)ဧကရှိရာ ဆည်ရေ၊ တမံပိတ်၊ ရေတံခါး၊ အင်းရေတင်တို့မှ ရရှိသော စိုက်ပျိုးရေဖြင့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Apr 12,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသည့် "သေသော်မတည့်သြော်ကောင်း၏" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။
Apr 12,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာအုပ်စုအတွင်း နယ်မြေဒေသအခြေအနေအရ ယာယီတိမ်းရှောင်လာသည့် နေရပ်စွန့်ခွာပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တစ်ဦးလျှင် တစ်ရက်ဆန်နှစ်ဗူးနှုန်းဖြင့် သုံးလစာအတွက် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ထောက်ပံ့ပေးအပ်သည်။