Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်ကြီးနားမြို့(Community Centre)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Apr 12,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ သင်ကြားပေးလျက်ရှိ
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို နည်းပြဆရာ/ဆရာမ(၂၄)ဦး အဆင့်မြင့် ကျောင်းသား (၂)ဦး၊ ကြီးကြပ်သူ(၄)ဦး စုစုပေါင်း (၃၀)ဦးတို့က ယနေ့ နံနက်ပိုင်းမှစတင်၍ ကျေးရွာ(၂၄)ရွာတွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြာပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့တွင် (၂၉)ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ
Apr 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် နော်ဘူဘောဆုတောင်းတောင် ကော်မတီများမှ ဦးဆောင်၍ (၂၉) ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဘော်လီဘော ပြိုင်ပွဲကို ယမန်နေ့ နေ့လည် (၃) နာရီအချိန်က သံတောင်ကြီးမြို့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Apr 12,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် (၃) အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ကင်ဆားရာရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝင်းအတွင်း ဧပြီလ ၉ ရက်နေ့ နံနက် (၁၀) နာရီက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ နွေနှမ်း ၉၄၂ ဧကနှင့် နွေစပါး ၁၂၇၁ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်များထက် ပိုမိုစိုက်ပျိုးနိုင်
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်နှင့် ဆည်ငယ်၊ ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၇၆၉ ဧက လျာထားခဲ့ရာ ယနေ့ထိ နွေနှမ်း ၉၄၂ ဧကနှင့် နွေစပါးစိုက်ပျိုးရန် ဧက ၅၀၀ လျာထားခဲ့ရာ ၁၂၇၁ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်များထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Apr 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/သားများ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင်းတွင် ဧပြီလ (၆) ရက်မှ စတင်၍ အားကစားနည်း (၄) မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်တွင် အပူရှိန်မြင့်မား၍ အပူဒဏ်ကာကွယ်ပစ္စည်းများ ရောင်းအားကောင်း
Apr 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာနိုင်ငံအပူဆုံးလများဖြစ်သည့် ဧပြီ၊ မေလများ ယခုနှစ် နွေရာသီတွင် အပူရှိန်မြင့်မား၍ ရေပြတ်လပ်မှုများနှင့် အခြားကျန်းမာရေးဆိုင်ရာများလည်း ကြုံတွေ့ခဲ့ကြရာ အပူဒဏ်ကို အကြောင်းအမျိုးမျိုးဖြင့် ကာကွယ်ခဲ့ပြီး နှီးချောဖျာ၊ ဝါးချောဖျာ၊ သင်ဖြူးဖျာများ အစားထိုးသုံးစွဲလာကြပြီး အပြင်ထွက်သည့်အခါ လူကြီးကလေး အပူဒဏ်ကာကွယ်နိုင်စေရန် ထီး၊ ဝါးကပ်ဦးထုပ်၊ ကြိမ်ဦးထုပ်၊ ဂျုံရိုးဦးထုပ်၊ ချည်ဦးထုပ်များ ရောင်းအားကောင်းလျက်ရှိကြောင်း စျေးရောင်းသူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5368
Page
5369
Page
5370
Page
5371
Current page
5372
Page
5373
Page
5374
Page
5375
Page
5376
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department