အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 12,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မတ္တရာမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အင်ဂျင်ပါဝါသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် လက္ကောင်းကြီးကျေးရွာအုပ်စု ကံဖြူကျေးရွာ အနောက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် ရပ်ကွက်၊ ကျေးရွာများတွင် အုန်းလက်ရေကစားမဏ္ဍပ်တို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
Apr 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ ခြေခံစာတတ်မြောက်ရေး သင်တန်းကို ဧပြီလ (၈)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသင်ကြားနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များသည် ယမန်နေ့ ညနေပိုင်းက လဟယ်မြို့အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လေးကြောင်းမျဉ်းစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် ဒေးဒရဲမြို့နယ် ဗိုလ်ချုပ်လမ်းမနှင့် ပြည်တော်သာလမ်းထောင့်တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Apr 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက ကျန်းမာရေးနှင့် ညီညွတ်သောလူ‌နေမှုပုံစံဖြင့် နေထိုင်၊ ပြုမူ၊ စားသောက်နည်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိ‌‌သော ယဉ်ကျေးလိမ္မာသင်တန်းကျောင်းခန်းတွင် ပြုလုပ်ခဲ့သည်။
Apr 12,2024
နတ်မောက်မြို့ မြို့မဈေးကြီးတွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလတွင် အသုံးပြုရန် ရောင်းချသည့် အတာအိုးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။
Apr 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား အသစ်ပြန်လည် ပြုပြင်တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ ယခုအခါ ​စေတီ​တော်မြတ်ကြီး ပြုပြင်မွမ်းမံမှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်​ကြောင်း ဧပြီလ ၉ ရက်က သိရသည်။