အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2024
ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းနှင့် မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်အမျိုးမျိုးကင်းရှင်း၍ ကောင်းခြင်းမင်္ဂလာ စီးပွားချမ်းသာတိုးတက်စေရန် ရည်သန်လျက် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး သာသနဇောတိက ဓမ္မာရုံ၌ ဧပြီလ ၉ ရက်နေ့မှစတင်၍ (၃)ရက်တိုင်ကျင်းပခဲ့သည့် ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက ကျင်းပပြုလုပ်သည်။
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ကျုံဒါးရွာမကျေးရွာအုပ်စု၊ ရွာလယ်တန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Apr 12,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ပေးအပ်သည့် ဆန်ရိက္ခာအိတ်များကို ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာ(၃)လစာအား ဆက်လက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အောင်သုခရပ်ကွက် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း အေးသုခဓမ္မာရုံတွင် ပေးအပ်ခဲ့သည်။
Apr 12,2024
၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် မြို့ပေါ် ၁၂ ရပ်ကွက်ရှိ အုန်းလက်ရေကစားမဏ္ဍပ်ငယ်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ထံမှ သိရသည်။
Apr 12,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ်ကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်နှင့် ဇောတိကရပ်ကွက်အကြားရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် ဆောက်လုပ်လျက်ရှိရာ ယမန်နေ့က ဆောက်လုပ်ပြီးစီးပြီဖြစ်‌ကြောင်း သိရသည်။
Apr 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar သင်တန်း (အခမဲ့) ဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Apr 12,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊မင်းလှမြို့နယ်တွင် မိုးရွာပြီးလေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးဆုံးရှုံးသွားသည့် နေအိမ်မှအိမ်ထောင်စုဝင်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ ညနေ ၄ နာရီချိန်က ပြုလုပ်ခဲ့သည်။
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။