ကျိုက်လတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကျိုက်လတ် ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဉီးမင်း‌အောင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျက်မှ အဖွဲ့အစည်းများ၊ ဌာနများအတွက် ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ် (၁၉၉၀.၀၅၈) သန်း သုံးစွဲရန်လျာထားပြီး ၎င်းအသုံးစရိတ်၏ (၉၉.၂) ရာခိုင်နှုန်းဖြစ်သည့် (၁၉၇၄.၀၀၈) သန်းအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်  လမ်း၊ တံတား၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေးနှင့် သောက်သုံးရေရရှိရေး၊ ဆည်မြောင်းစသည့် လုပ်ငန်းများတွင် ပြည်သူ များအား တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများအား ဦးစားပေးလျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်၏ စီးပွားရေးအဓိလုပ်ငန်းဖြစ်သည့် လယ်ယာနှင့် သားငါးကဏ္ဍများ လျာထားချက်ထက် ပိုမို အကောင်အထည်ဖော်ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးမွန်တို့က ဒေသန္တရစီမံကိန်းများ ဆောင်ရွက်မည့် ဌာနများအား စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းတာဝန်ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်