မင်းလှ ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊မင်းလှမြို့နယ်တွင် မိုးရွာပြီးလေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးဆုံးရှုံးသွားသည့် နေအိမ်မှအိမ်ထောင်စုဝင်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ ညနေ ၄ နာရီချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာန ဦးစီးမှူး ဦးအောင်မိုးထွေးနှင့် ဝန်ထမ်းများက ဧပြီ ၁၀ ရက်ညနေပိုင်းတွင် ဗျက်ကြီးကျေးရွာအုပ်စု၌ မိုးရွာပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်နှင့် အိမ်ထောင်စု (၂) စုရှိ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀၀) ကျပ်စုစုပေါင်း (၁၂၁၀၀၀) ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ