အင်္ဂပူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲပြုလုပ်

အင်္ဂပူ ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက အမှာစကား ပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ဖြစ်သည့် လယ်ယာ၊ သားငါး၊ သစ်တောစွမ်းအင်၊ စက်မှုလက်မှု၊ လျှပ်စစ်၊ ဆောက်လုပ်မှုစ‌သည့် စီမံကိန်းလုပ်ငန်းများအား အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်စေလို ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းတာဝန်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နှင်းစန္ဒာညွန့်တို့မှ ပေးအပ်ရာ သက်ဆိုင်ရာဌာနအကြီးအကဲများက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နှင်းစန္ဒာညွန့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)