ထန်းတပင်(ပဲခူး) ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ပေးအပ်သည့် ဆန်ရိက္ခာအိတ်များကို ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာ(၃)လစာအား ဆက်လက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အောင်သုခရပ်ကွက် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း အေးသုခဓမ္မာရုံတွင် ပေးအပ်ခဲ့သည်။
အဆိုပါ ဆန်ရိက္ခာ(၃)လစာ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကိုကိုနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က အိမ်ထောင်စု(၁၄)စု၊ လူဦးရေ(၆၀)ဦးတို့ကို ဆန်အိတ်စုစုပေါင်း(၅၆)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယာယီနေရပ်စွန့်ခွာပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)