Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး ရမည်းသင်းမြို့၌ ဝါစိုက်တောင်သူအသင်းများ တွေ့ဆုံပွဲ့နှင့် သွင်းအားစု ပေးအပ်ပွဲအခမ်းအနား တ…
Apr 06,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ သမဝါယမဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်သူရတို့ လိုက်ပါလျှက် ဧပြီ ၅ ရက် ညနေ ၄ နာရီအချိန်၌ ရမည်းသင်းမြို့ ရွှေဒါးကျေးရွာ ကွင်းအမှတ် (၁၀၈၉)၊ ဦးပိုင်အမှတ်(၁၄)ရှိ ဒေါ်လှလှနိုင် တိုးပွားကြီးဝါကြိတ်စက် စက်ရုံအတွင်း ဝါကြိတ်ခွဲနေမှုကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ရာ ဝါ ကြိတ်စက် ပိုင်ရှင်ဒေါ်လှလှနိုင်မှ လိုက်လံရှင်းလင်းပြသသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူ လူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာ ပေါက်ပေါက်ရေးသားသည့် "စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ" စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်အတွင်းရှိ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မင်းလှမြိုနယ်တွင် နွေစပါးမျိုးသန့်မျိုးပွားစိုက်ခင်း ဓာတ်မြေဩဇာကြဲပတ်ခြင်းအ…
Apr 06,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ဧပြီ ၅ ရက် နေ့လယ် ၃ နာရီ ၁၀ မိနစ်ချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါး မျိုးသန့်မျိုးပွားစိုက်ခင်းအား ဓာတ်မြေဩဇာကြဲပတ်ခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိ စာသင်တိုက်၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Apr 06,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး ဒေါ်သီတာဇင်မိသားစုသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာအုပ်စု၊ ခါးပြတ်ကျေးရွာ၊ အောင်စည်သာဘုန်းတော်ကြီး ကျောင်းတိုက်၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် “မုတ်ကောင်ကလေးတွေ ကျတဲ့မျက်ရည်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်းကာ စာရေးဆရာ မင်းချစ်ဦးဇော် ရေးသားသော “မုတ်ကောင်ကလေးတွေ ကျတဲ့မျက်ရည်” ဆောင်းပါးဖြင့် ၄-၄-၂၀၂၄ ရက်နေ့ နေ့လယ် (၁) နာရီ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတ)တွင် အခြေခံအိမ်တွင်း လျှပ်စစ်ပစ္စည်း ပြုပြင်သင်တန်း၊ သင်တန်းဆင်းပွဲနှင့်သင်တန်း ဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနား ကျင်းပ…
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ဟင်္သာတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)နှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းတို့ ပူးပေါင်းဖွင့်လှစ်သင်ကြားခဲ့သော အခြေခံအိမ်တွင်း လျှပ်စစ်ပစ္စည်း ပြုပြင်သင်တန်း၊ သင်တန်းဆင်းပွဲနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့ အစိုးရနည်းပညာ အထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၄) သို့ တက်ရောက်
Apr 06,2024
မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၄) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး)၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်)နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5277
Page
5278
Page
5279
Page
5280
Current page
5281
Page
5282
Page
5283
Page
5284
Page
5285
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department