အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်း ပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
Apr 06,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေးစပါးစံပြကွက် ရိတ်သိမ်းခြင်းနှင့် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ချောင်းဆုံအနောက်ရပ်ကွက် ကွင်းအမှတ်-၇၁၃/၁၊ ဦးပိုင်(၃၂/၇)ရှိ စိုက်ဧက(၅)ဧကတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
Apr 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က-ဘုတ်ပြင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Apr 06,2024
သင်ကြားမှုသင်ယူမှု နည်းစနစ်များဖွံ့ဖြိုးတိုးတက်၍ ရပ်ရွာအတွင်းရှိ စာမတတ်သူ ကျောင်းမနေဘူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ရပ်ကွက်ကျေးရွာအလိုက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို  ညောင်ဦးမြို့နယ်အတွင်း  ဖွင့်လှစ်သင်ကြားလျက်ရှိရာ ညောင်ဦးခရိုင်နှင့်မြို့နယ်အဆင့် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များသည် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုအားပေးသည်။
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများအဆင်ပြေရန် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင်ယာဉ်များအား ပုံမှန်ဈေးအတိုင်း ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။
Apr 06,2024
ဟားခါးမြို့နယ်တွင် ဝဥတန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နိုင်မှုကော်မတီ၊ ဝဥစိုက်ပျိုးသူ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဟားခါးမြို့နယ်ဝဥစိုက်ပျိုးရေးကုန်ထုတ်နှင့်အထွေထွေစီးပွားရေးလုပ်ငန်းကော်မတီမှ ကော်မတီဝင်များ  တက်ရောက်ကြသည်။
Apr 06,2024
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။