ရမည်းသင်း ဧပြီ ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ သမဝါယမဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်သူရတို့ လိုက်ပါလျှက် ဧပြီ ၅ ရက် ညနေ ၄ နာရီအချိန်၌ ရမည်းသင်းမြို့ ရွှေဒါးကျေးရွာ ကွင်းအမှတ် (၁၀၈၉)၊ ဦးပိုင်အမှတ်(၁၄)ရှိ ဒေါ်လှလှနိုင် တိုးပွားကြီးဝါကြိတ်စက် စက်ရုံအတွင်း ဝါကြိတ်ခွဲနေမှုကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ရာ ဝါ ကြိတ်စက် ပိုင်ရှင်ဒေါ်လှလှနိုင်မှ လိုက်လံရှင်းလင်းပြသသည်။
ပြည်ထောင်စုဝန်ကြီးသည် တိုးပွားကြီးဝါကြိတ်စက်ရုံမှ ထွက်ရှိသည့် ဝါများအားအမျိုးအစား အလိုက်ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှု့စစ်ဆေးခဲ့ကာ ပြည်ထောင်စုဝန်ကြီးမှ ဝါကြိတ်စက်ရုံ ပိုင်ရှင်အား လုပ်ငန်းကို စနစ်တကျလုပ်ဆောင်ပေးရန်၊ မိမိတို့ဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးနိုင်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး ဦးစီးဌာနအလိုက် တာဝန်ရှိသူများမှ ပူးပေါင်းကူညီဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကတင်ကျေးရွာ ကွင်းအမှတ် ၁၀၈၉ တွင်ပြုလုပ်သည့် ဝါစိုက် အသင်းသားတောင်သူ(၇၅)ဦး၊ တွေ့ဆုံပွဲနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက သမဝါယမ၏ အသင်းသား/အစုအဖွဲ့များ အကြောင်းနှင့် အသင်းသား ဝါစိုက်တောင်သူများအား ဝါစိုက်ပျိုးမှုနှင့် ပတ်သတ်ပြီး မျိုးကောင်း၊ မျိုးသန့်များကို စိုက်ပျိုးခြင်းဖြင့် ဝါသီးနှံအထွက်နှုန်း တိုးစေရေးနှင့်မိမိတို့ဌာနက ကူညီဆောင်ရွက် ပေးနိုင်မည့်သွင်းအားစု မြေဩများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားရာ ကတင် ကျေးရွာမှ ဝါစိုက်ပျိုးသည့် အသင်းသားတောင်သူ ဦးညွန့်ရွှေမှ ပြည်ထောင်စုဝန်ကြီးက မိမိတို့တောင်သူများအား ကူညီထောက်ပံ့ပေးမည်ဖြစ်၍ ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ပေးမည့်ကိစ္စကို အကောင်အထည်ဖော် ကူညီပေးပါရန်နှင့် စိုက်ပျိုးရေးအဆင်ပြေစေရန် လိုအပ်နေသည့် ရေတွင်းတူးဖော်နိုင်ရေး တို့ကိုကူညီ ဆောင်ရွက်ပေးနိုင်ရန် တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေးကို ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုနှစ်မိုးရာသီမတိုင်မီအပြီး ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝါစိုက်ပျိုးသည့်အသင်းသား တောင်သူ (၇၅)ဦး၏ ဧက(၂၁၀)အတွက် နိုက်ထရိုဖော်စတာကွန်ပေါင်း မြေဩဇာ (၂၁၀)အိတ်၊ စမ်းဝတီသဘာဝမြေဩဇာ(၂၁၀)အိတ် တို့အားတောင်သူများထံ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ ဝါစိုက် အသင်းသားတောင်သူများတွေ့ဆုံပွဲနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့ ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ ရမည်းသင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက် ညွန်ကြားရေးမှူး ဦးကျော်မြင့်စိုး၊ ရမည်းသင်းခရိုင် အသေးစားစက် မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်ပြန််ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုး၊ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးပြည့်စုံဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ ဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် ဝန်ထမ်းများ၊ ဝါစိုက်ပျိုးသည့် အသင်းသားတောင်သူ(၇၅)ဦးတို့တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။
ခရိုင် ပြန်/ဆက်
ရမည်းသင်း