တောင်ငူ ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးမျိုးအောင်က စားသုံးဆီဖြန့်ဖြူးနေမှုအခြေအနေများ၊ စားသုံးဆီများကို သတ်မှတ်စျေးနှုန်းဖြင့် သာရောင်းချကြစေရန်၊ သတ်မှတ်စျေးနှုန်း Venyl ချိတ်ဆွဲ၍ ရောင်းချကြရန်၊ မြို့နယ်အလိုက် ဆီခွဲတမ်းကိုမျှတစွာ ခွဲဝေရောင်းချကြရန်၊ စားသုံးဆီများကို စျေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်တို့ကို
အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက လုပ်ငန်းအခက်အခဲများနှင့် လိုအပ်ချက်များကို ပြန်လည် ဆွေးနွေးပြောကြားခဲ့ပြီး၊ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)