နတ်မောက် ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-ကျားထူးကျေးရွာအုပ်စုရှိ တောင်သူ ဦးသိန်းထွန်းဝင်း၏ တစ်ဧကစိုက်ခင်းတွင် နွေစပါးသီးနှံကို Vietnam လက်ဆွဲကောက်စိုက်စက်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ လမ်းညွှန်မှုများနှင့်အညီ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ခေတ်မီကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်းကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်မည့် လုပ်သားအင်အားအနည်းငယ်ဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်အားခကုန်ကျစရိတ်သက်သာပြီး စိုက်ဧရိယာများကို လျင်မြန်စွာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။ ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်စေရန် တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို လက်တွေ့ပြုလုပ်၍ ပညာပေး ကွင်းပြပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိမ့်သိမ့်မိုး