ကန့်ဘလူ ဧပြီ ၄
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို ဧပြီ ၄ ရက်မွန်းတည့် ၁၂ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်သာသနာ့ဗိမာန်တော်၌ (မူ/ ငယ်/ လတ်/ ကြီး) ကစ္စည်းသဒ္ဒါကြီးဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒုတိယနေ့ ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း ၁၅ ပါး၊ ပထမလတ်တန်း ၁၂ ပါး၊ ပထမငယ်တန်း ၂၉ ပါးနှင့်အခြေပြုမူလတန်း ၂၈ ပါး သံဃာ သီလရှင် စုစုပေါင်း ၈၄ ပါးဖြေဆိုလျက်ရှိကာ စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာမေးပွဲ ကျင်းပရေးကော်မတီဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါနေ့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို အလှည့်ကျအမှတ်(၂)ရပ်ကွက်မှ စေတနာရှင်အလှူရှင်များက တာဝန်ယူဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)