ဓနုဖြူ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ အေရိုးဗစ်သင်တန်းကို ၃-၄-၂၀၂၄ ရက်နေ့က စတင်၍ ဖွင့်လှစ်ခဲ့သည်။
ထိုသို့သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များအားကစားနည်း အခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြနည်းစနစ်မှူး ဒေါ်ရီရီဝင်းက နည်းပြဆရာအဖြစ် အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၁၁)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ ကျောင်းသူ(၁၇)ဦး တက်ရောက်သွားမည် ဖြစ်ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)