မုံရွာ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြမီးငြှိမ်းသတ်လေ့ကျင့်မှုကို ဧပြီလ ၃ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံရွာခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။
ထို့နောက် မုံရွာခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြမီးငြှိမ်းသတ်လေ့ကျင့်မှုများကို တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြမီးငြှိမ်းသတ် လေ့ကျင့်ပွဲသို့ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်း(၃၅)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)